Zawgyi Font

အိမ္ၿခံေျမ ႏွင့္ ပတ္သက္ၿပီးစရံေပးစဥ္ အခ်ိန္မွ စ၍ ဝယ္ယူသူတို႔မွ တန္ဖိုး (၃ဝဝ)က်ပ္တန္ တံဆိပ္ေခါင္းျဖင့္ စာခ်ဳပ္ေရးသားကာ အရပ္သေဘာ အေရာင္းအဝယ္ျပဳလုပ္ၾကသည္။ အိမ္ၿခံေျမ ဝယ္ယူရာတြင္တန္ဖိုး (၁ဝဝ)က်ပ္ထက္ပိုပါက မွတ္ပံုတင္မွ သာ ဥပေဒအရ ခိုင္မာမည္ျဖစ္၍ဝယ္ယူသူတို႔မွ အေရာင္းအဝယ္တိက် ခိုင္မာမႈ ရွိရန္အတြက္ အေရာင္းအဝယ္စာခ်ဳပ္အား မွတ္ပံုတင္ လိုအပ္ေၾကာင္း သိရသည္။ အေရာင္းအဝယ္စာခ်ဳပ္မွတ္ပံုတင္ရန္ အဆင့္ဆင့္ (၁) တန္ဖိုး (၃ဝဝ) က်ပ္တန္ တံဆိပ္ေခါင္းျဖင့္ ခ်ဳပ္ထားေသာ စာခ်ဳပ္တစ္ေစာင္၊ ဝယ္သူ၊ ေရာင္းသူတို႔ မွတ္ပံုတင္မူရင္းမ်ား၊ ဝယ္သူ၏ သန္းေခါင္စာရင္း၊ အေရာင္းအဝယ္ျပဳထားေသာ ***သင္စိတ္ဝင္စားႏုိင္ေသာ ၂ဝ၁၈ ခုႏွစ္အတြင္းတြင္ေဆာက္လုပ္ခြင့္ပါမစ္မ်ား အၿပီး ေျပာင္းလဲေဆာင္ရြက္မည္*** ေျမ၏ဂရံ (သို႔) ပိုင္ဆိုင္မႈ အေထာက္အထားမ်ား၊ ေနာက္ဆံုးအႀကိမ္ေဆာင္ထားေသာ ေျမခြန္ ႏွင့္ အေရာင္းေျမပံု၊ ေျမရာဇဝင္ ဝယ္ယူထားေသာ အိမ္၊ ၿခံ၊ ေျမ အားရိုက္ထားေသာ ဓါတ္ပံု(၄)ပံု၊ ေရာင္းသူ / ဝယ္သူ (၂) ဦးလံုးမွ တန္ဖိုးစီစစ္ေရးရံုးသုိ႔ သြားေရာက္၍ ဝယ္ယူထားေသာေျမကို တန္ဖိုးျဖတ္သတ္မွတ္ေပးရန္ ေလွ်ာက္ထားရမည္။ (၂) ေလွ်ာက္ထားၿပီး (၂) ပတ္ခန္႔အၾကာတြင္ သက္ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာနတြင္ ဝယ္ယူထားေသာ အိမ္၊ ၿခံ၊ ေျမ အခြန္မည္မွ် က်သင့္ေၾကာင္း သြားေရာက္စံုစမ္းရမည္။ (၃) ၿပီးေနာက္က်သင့္ေသာ အခြန္ကို သက္ဆိုင္ရာၿမိဳ႕နယ္ရိွ ျမန္မာ့စီးပြားေရးဘဏ္တြင္ သြားေရာက္ထမ္းေဆာင္ၿပီး သက္ေသခံဘဏ္ခ်လံအား ျပန္လည္ထုတ္ယူရပါသည္။ (၄) ဘဏ္ခ်လံရရိွလာပါက ၿမိဳ႕နယ္အခြန္ရံုးသို႔သြားေရာက္၍ အခြန္ေဆာင္ထားေသာ တန္ဖိုးႏွင့္အညီ တံဆိပ္ေခါင္းမ်ား ထုတ္ယူႏိုင္ပါသည္။ (၅) ယင္းတံဆိပ္ေခါင္းမ်ားေပၚတြင္ စာခ်ဳပ္ရိုက္ႏွိမ္ၿပီးေနာက္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတြင္ရံုးတြင္ အေရာင္းအဝယ္စာခ်ဳပ္ကို ေရာင္းသူ / ဝယ္သူ ႏွစ္ဦးလံုး လိုက္ပါ၍ မွတ္ပံုတြင္ရပါသည္။ (၆) ရက္ေပါင္း (၄၅) ရက္ၾကာပါက မွတ္ပံုတင္ထားေသာ အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပံုတြင္ရံုးတြင္ ျပန္လည္ ထုတ္ယူႏိုင္ပါသည္။ ၿခြင္းခ်က္။ ။ ေရာင္းခ်သူမွ စာခ်ဳပ္မွတ္ပံုတင္အဆင့္ဆင့္ကို လိုက္ပါေဆာင္ရြက္မေပးႏိုင္ပါဟု ဝယ္ယူသူ (သို႔) ဝယ္ယူသူညႊန္ျပေသာသူအား S.P ေပးရပါမည္။ အေရာင္းအဝယ္စာခ်ဳပ္အား မွတ္ပံုတင္ၿပီးပါက ဝယ္ယူသူအမည္ေပါက္ေရးအတြက္ စည္ပင္သာယာေရးေကာ္မတီ (သို႔) ၿမိဳ႕ရြာ အိုးအိမ္ႏွင့္ ဦးစီးဌာနတြင္ အမည္ေျပာင္းေလွ်ာက္ထားႏိုင္ပါသည္။ အမည္ေျပာင္းေလွ်ာက္ထားရာတြင္ ဌာန သို႔အမည္ေျပာင္းခ ႏွင့္ သတင္းစာတြင္ ေၾကာ္ျငာထည့္သြင္းခသာေပးေဆာင္ရမည္ျဖစ္ၿပီး အျခားေသာ အခြန္အခမ်ား ထပ္မံေပးေဆာင္စရာမလိုအပ္ပါ။

Myanmar3 Font

အိမ်ခြံမြေ နှင့် ပတ်သက်ပြီးစရံပေးစဉ် အချိန်မှ စ၍ ဝယ်ယူသူတို့မှ တန်ဖိုး (၃ဝဝ)ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ရေးသားကာ အရပ်သဘော အရောင်းအဝယ်ပြုလုပ်ကြသည်။ အိမ်ခြံမြေ ဝယ်ယူရာတွင်တန်ဖိုး (၁ဝဝ)ကျပ်ထက်ပိုပါက မှတ်ပုံတင်မှ သာ ဥပဒေအရ ခိုင်မာမည်ဖြစ်၍ဝယ်ယူသူတို့မှ အရောင်းအဝယ်တိကျ ခိုင်မာမှု ရှိရန်အတွက် အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင် လိုအပ်ကြောင်း သိရသည်။ အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့် (၁) တန်ဖိုး (၃ဝဝ) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊ ဝယ်သူ၏ သန်းခေါင်စာရင်း၊ အရောင်းအဝယ်ပြုထားသော ***သင်စိတ်ဝင်စားနိုင်သော ၂ဝ၁၈ ခုနှစ်အတွင်းတွင်ဆောက်လုပ်ခွင့်ပါမစ်များ အပြီး ပြောင်းလဲဆောင်ရွက်မည်*** မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံးအကြိမ်ဆောင်ထားသော မြေခွန် နှင့် အရောင်းမြေပုံ၊ မြေရာဇဝင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အားရိုက်ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂) ဦးလုံးမှ တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသောမြေကို တန်ဖိုးဖြတ်သတ်မှတ်ပေးရန် လျှောက်ထားရမည်။ (၂) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အခွန်မည်မျှ ကျသင့်ကြောင်း သွားရောက်စုံစမ်းရမည်။ (၃) ပြီးနောက်ကျသင့်သော အခွန်ကို သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် သွားရောက်ထမ်းဆောင်ပြီး သက်သေခံဘဏ်ချလံအား ပြန်လည်ထုတ်ယူရပါသည်။ (၄) ဘဏ်ချလံရရှိလာပါက မြို့နယ်အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ ထုတ်ယူနိုင်ပါသည်။ (၅) ယင်းတံဆိပ်ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိမ်ပြီးနောက် စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ်စာချုပ်ကို ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင်ရပါသည်။ (၆) ရက်ပေါင်း (၄၅) ရက်ကြာပါက မှတ်ပုံတင်ထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူနိုင်ပါသည်။ ခြွင်းချက်။ ။ ရောင်းချသူမှ စာချုပ်မှတ်ပုံတင်အဆင့်ဆင့်ကို လိုက်ပါဆောင်ရွက်မပေးနိုင်ပါဟု ဝယ်ယူသူ (သို့) ဝယ်ယူသူညွှန်ပြသောသူအား S.P ပေးရပါမည်။ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူအမည်ပေါက်ရေးအတွက် စည်ပင်သာယာရေးကော်မတီ (သို့) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။ အမည်ပြောင်းလျှောက်ထားရာတွင် ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့်သွင်းခသာပေးဆောင်ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံပေးဆောင်စရာမလိုအပ်ပါ။

Pyidaungsu Font

အမေရိကန်-မြန်မာပူးပေါင်းသင်ကြားပေးမည့် American University of Yangon (AU) တွင်ပညာသင်နေစဉ်အတွင်း ပညာသင်ဆုများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း Articulation Officer Mr.Charles Dirk Binder ၏ပြောဆိုချက်အရ သိရပါတယ်။
၎င်းတက္ကသိုလ်တွင် အထွေထွေဘာသာရပ်ပေါင်း (၂၂) ခုကို သင်ကြားပေးမည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ကြီးများ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာသင်သက်အတွေ့အကြုံရင့် အမေရိကန် ပါမောက္ခများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရထားသော တာဝန်ယူသင်ကြားပေးမည်ဖြစ်ပါတယ်။
ကောလိပ်များနဲ့ ပတ်သက်၍ သိလိုပါက နှိပ်ပါ။
ထို့ပြင်သင်ရိုးများနှင့်ဆရာ/ဆရာမ များ၏ အရည်အသွေး၊ ကျောင်းသား/သူများ၏ အရည်အသွေးတို့ကို ကယ်လီဖိုးနီးပြည်နယ် အစိုးရ တက္ကသိုလ် California State University of Fresno မှလမ်းညွှန်၍ အမေရိကန်အစိုးရကျောင်းများက တရားဝင်အသိအမှတ်ပြုထားသောကြောင့် အရည်အသွေးစစ်ဆေးမှုများကို အမေရိကန်ပညာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် နည်းပြများက တစ်နှစ်ပတ်လုံးလာရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရပါတယ်။
Source: မြဝတီ